ဆက်သွယ်ရေး အခြေခံအဆောက်အအုံ တည်ဆောက်ရန် အော်ပရေတာလေးခု တင်ဒါယှဉ်ပြိုင်ရမည်။

ဆယ်သွယ်ရေးဖွံ့ဖြိုးမှုနည်းပါးသောဒေသတွင် ဖုန်းအသုံးပြုနေသူတစ်ဦး ။ ဓာတ်ပုံ • ဖြိုးဝေကျော်/မြန်မာတိုင်းစ်

မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသည့် မြို့နယ်များတွင် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်ရန် လုပ်ငန်းများကို အော်ပရေတာများ တင်ဒါစနစ်ဖြင့် လုပ်ကိုင်ရမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ယခုလ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

ပြည်တွင်း၌ ဆက်သွယ်ရေးဖွံ့ဖြိုး တိုးတက်မှု နည်းပါးသော မြို့နယ်၂၃ မြို့နယ်အနက် ကနဦးစီမံကိန်းအဖြစ် မြို့နယ်လေးခုကို အကောင်အထည်ဖော်လုပ်ကိုင်မည်ဖြစ်သည်။


"ကျွန်တော်တို့ တင်ဒါဝင်ပြိုင်မလား မပြိုင်ဖြစ်ဘူးလားဆိုတာ ဆွေးနွေးဆဲပါ" ဟု မိုင်တဲလ်၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက ပြောသည်။

သို့သော် ဝေးလံခေါင်သီတဲ့ နေရာများတွင် ဆက်သွယ်ရေးအခြေခံအဆောက်အအုံတည်ဆောက်ရန် အော်ပရေတာ လေးခု ပူးပေါင်းလုပ်ဆောင်ရမည်ဟု ယခင်ကတည်းက သတ်မှတ်ချက်ရှိခြင်းကြောင့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများတွင် အတတ်နိုင်ဆုံး ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ 


ကနဦး စီမံကိန်းအဖြစ် အခြေခံ အဆောက်အအုံ တည်ဆောက်ရန် သတ်မှတ်ထားသည့် မြို့နယ်လေးခုမှာ ကယားပြည်နယ် ဖာဆောင်းမြို့နယ်၊ မကွေးတိုင်းဒေသကြီးစေတုတ္တရာမြို့နယ်၊ ရခိုင်ပြည်နယ် အမ်းနှင့် မင်းပြားမြို့နယ်တို့ဖြစ်သည်။ 

ထိုမြို့နယ်များတွင် ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ တည်ဆောက်ရန် ဆက်သွယ်ရေးအော်ပရေတာလေးဦးဖြစ်သည့်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အူရီဒူးမြန်မာလီမိတက် (Ooredoo Myanamr Limited)၊တယ်လီနော မြန်မာလီမိတက်(TelenorMyanmar Limited)နှင့် တယ်လီကွန်းအင်တာနေရှင် နယ်မြန်မာလီမိတက် (Telecom International Myanmar Limited(MyTel ) တို့ကို ပြည်ထောင်စုဝန်ကြီးရုံး၏ခွင့်ပြုချက်ဖြင့် ယခုလ ၁၁ ရက်တွင် တင်ဒါအဆိုပြုလွှာများ ပေးပို့ထားသည်။

"တယ်လီနောအနေနဲ့ ဝင်ပြိုင်ဖို့ ရှိတယ်။ ဘယ်မြို့နယ်တွေကို တင်ဒါစနစ်နဲ့ ပြိုင်မယ်ဆိုတာ အသေးစိတ်တော့ မပြောနိုင်သေး ဘူး။ တင်ဒါပမာဏ ဘယ်လောက်နဲ့ ပြိုင်မယ်ဆိုတာလည်း မသတ်မှတ်ရသေးဘူး။ သေချာပြီဆိုရင်သတင်းထုတ်ပြန်မှာပါ"ဟု တယ်လီနောမြန်မာ၏ ပြန်ကြားရေးတာဝန်ခံ ဒေါ်ရွှေယင်းမာဦးက ပြောသည်။

တင်ဒါအဆိုပြုလွှာများကို ၂၀၁၉ ခုနှစ်၊ဖေဖော်ဝါရီ ၆ ရက် နောက်ဆုံးထားပြီး ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ ပေးပို့ရမည်ဖြစ်ကာ တင်ဒါအဆိုပြုခြင်းဆိုင်ရာဆွေးနွေးမှုကို ယခုနှစ် ဒီဇင်ဘာ ၁၃ရက်တွင်အော်ပရေတာများ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်တာဝန်ရှိသူများအကြား ပြုလုပ်မည်ဖြစ်သည်။

"သိပ်ဝေးလံခေါင်သီတဲ့ နေရာတွေကိုဆက်သွယ်ရေးရဖို့အတွက် ထောက်ပံ့ငွေအနည်းဆုံး အဆိုပြုလွှာတင်သွင်းမယ့်အော်ပရေတာကို ရွေးချယ်မှာ ဖြစ်ပါတယ်"ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးမျိုးဆွေက ပြောသည်။

https://myanmar.mmtimes.com/news/118096.html

Comments

Popular posts from this blog

creat music player with sketchware

Technology learn apk